Wednesday, May 13, 2009

ရေပြင်ပိုင်နက် သတ်မှတ်ရေးနှင့် ကုန်သွယ်ရေး တိုးမြှင့်ရေးသည် ဘင်္ဂလာဒေခ်ျ့

ရေပြင်ပိုင်နက် သတ်မှတ်ရေးနှင့် ကုန်သွယ်ရေး တိုးမြှင့်ရေးသည် ဘင်္ဂလာဒေခ်ျ့ အစိုးရသစ်အတွက် အထူး ဦးစားပေး လုပ်ငန်းဖြစ်
ဘင်္ဂလာဒေခ်ျ့ အစိုးရသစ်က နိုင်ငံခြားရေး ပေါ်လစီများကို ရှင်းလင်း ပြောကြားရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ရေပြင်ပိုင်နက် သတ်မှတ်ရေး ကိစ္စနှင့် ကုန်သွယ်ရေးတိုးမြှင့်ရေး ကိစ္စရပ်သည် ထိပ်တန်းဦးစားပေး လုပ်ငန်း ဖြစ်ကြောင်း ယမန်နေ့က ထုတ်ဖေါ်ပြောကြားသည်။
အဆိုပါ ပြောဆိုချက်ကို နိုင်ငံခြားရေးရာ ၀န်ကြီး ဟာဆန်မာမွတ်က စစ်တကောင်း လေဆိပ်အရောက်တွင် သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ နိင်ငံ အနေဖြင့် နိုင်ငံတော် အကျိုးစီးပွားနှင့် အချုပ်အချာ အာဏာပိုင်စိုးမူအတွက် အဆိုပါ ကိစ္စကို ဆုံးဖြတ်ချက်ချပြီး များမကြာမှီ အကောင်အထည် ဖေါ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူကပြောသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် အိမ်နီးချင်း မြန်မာနှင့် အိန္ဒိယနိုင်ငံတို့နှင့် ရေပြင်ပိုင်နက် သတ်သတ်မှတ်မှတ် မရှိသေးသဖြင့် မြန်မာနှင့် အိန္ဒိယမှ တကြိမ်ကျစီ သူ့နိုင်ငံအတွင်းသို့ ၀င်ရောက်ပြီး ဂတ်စ် ရှာဖွေ စမ်းသပ်မူများ ပြုလုပ်ခဲ့သည်ဟု ပြောကြားထားသည်။
နိုဝင်္ဘာလ ပထမ အပတ်က မြန်မာ ဘက်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်း ဂတ်စ် ၀င်ရောက် ရှာဖွေ စမ်းသပ်မူ ပြုလုပ်ခဲ့သဖြင့် မြန်မာနှင့် ဘင်္ဂလာအကြား စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မူ ဖြစ်ခဲ့ပြီး မြန်မာဘက်မှ ရေတပ်သင်္ဘောများကို နောက်ပိုင်းတွင် ရုတ်သိမ်း သွားသဖြင့် ပြဿနာမှာ ပြေလည်သွားခဲ့သည်။
သူက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းကို အသုံးပြုပြီး အိန္ဒိယ နိုင်ငံ အရှေ့မြှောက်ပြည်နယ် ခုနှစ်ပြည်နယ်နှင့် တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းချဲ့ထွင်ရေးမှာ လက်ရှိ အစိုးရသစ်မှ စဉ်းစားလျက် ရှိနေကြောင်းထုတ်ဖေါ် ပြောကြားခဲ့သည်။

No comments: